တွန်းဇံ အောက်တိုဘာ ၃၀
ချင်းပြည်နယ် တွန်းဇံမြို့၌ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆွမ်းဆန်နှင့်ဝတ္ထုငွေလှူဒါန်းခြင်းနှင့် ကုသိုလ်ပြုဘုရားစေတီရင်ပြင် စုပေါင်းသန့်ရှင်းရေးကို ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း(တောင်တန်းသာသနာပြုကျောင်း)၌ ယနေ့နံနက် (၈)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွမ်းဆန်နှင့် ဝတ္ထုငွေများလှူဒါန်းခြင်းနှင့် ကုသိုလ်ပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ဆွမ်းဆန်တစ်အိတ်(၁၅၀၀၀၀)နှင့် ဝတ္ထုငွေကျပ်(၅၀၀၀၀)လှူဒါန်းကာ ကုသိုလ်ပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဇိုဇွန်းပါလ်(ပြန်/ဆက်)