စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ ဆင်မကျွန်းကျေးရွာအုပ်စုတွင် စားသုံးဆီတစ်ပိသာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ဆီပိသာ(၁၆၈၄)ပိသာ စျေးနှုန်းချိုသာစွာ ရောင်းချပေး

စလင်း အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်မကျွန်းကျေးရွာအုပ်စုမှ ကျေးရွာ(၉)ရွာ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှု၊ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏စီမံခန့်ခွဲမှု၊  ဆင်ဖြူကျွန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်​ သီတင်းကျွတ်ကာလအတွင်း ကျေးလက်နေပြည်သူများမိသားစုများ အခြေခံစားသောက်ကုန်စားအုန်းဆီကို ယနေ့နံနက် ၈ နာရီအချိန်က ကျေးရွာများသို့ အရောက်သွားရောက်၍  ရောင်းချပေး ခဲ့ကြောင်း သိရသည်။

အဆိုပါစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီကို စျေးနှုန်းချိုသာစွာဖြင့်  ဝယ်ယူစားသုံးနိုင်ရန်အတွက်  စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များအသီးသီးနှင့် ဆင်ဖြူကျွန်းမြို့နယ်အတွင်းရှိ ဆင်မကျွန်းကျေးရွာအုပ်စု(၉)အုပ်စုတွင် နေထိုင်လျက်ရှိသောပြည်သူများကို စနစ်တကျဖြင့်ဝယ်ယူစားသုံးနိုင်ရန် စီတန်း၍လည်းကောင်း ရောင်းချလျက်ရှိရာသို့  ဆင်ဖြူကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသီဟဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များလိုက်ပါ၍ ရောင်းချနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီးကာလပေါက်စျေးထက် စျေးနှုန်းလျှော့ချကာ  စားသုံးဆီတစ်ပိသာလျှင် (၅၀၀၀) ကျပ်နှုန်း လူတစ်ဦးလျှင်တစ်ပိသာနှုန်းဖြင့် ပိသာ(၁၆၈၄)ပိသာရောင်းချပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏ လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေခဲ့ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် နောက်ရက်များတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ သိရှိရသည်။

မောင်လွင်(စလင်း)