ရေတာရှည် အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာနေ့မဟာပဝါရဏာသိမ်ဆင်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သမိုင်းဝင်ဓါတ်တော်ဘုရားဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးနှင့် ပတ်ဝန်းကျင်ကျေးရွာကျောင်းတိုက်များ၌ ဝါဆို၊ ဝါကပ်ကြသောသံဃာတော်(၁၂၅)ပါးတို့အား သိမ်အတွင်းသိက္ခာတော်၊ ဝါတော်အကြီးဆုံးဖြစ်သော ဆရာတော်ကြီးထံပဝါရဏာပြုခဲ့ကြသည်။
အဆိုပါ ဆရာတော်သံဃာတော်များအား ဒါယကာဒါယိကာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဥက္ကာသန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ရပ်ဝေးရပ်နီးအလှူရှင်များက ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများကို သံဃာများအားမဲနှိုက်ပြီးလောင်းလှူခဲ့ကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)