အောင်လံမြို့ ရွှေပြောင်ပြောင်စေတီတော်မြတ်ကြီး ဓမ္မာရုံတွင် (၅၉)နှစ်မြောက်သက်ကြီးပူဇော်ပွဲကျင်းပ

အောင်လံ အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ရှိ ရွှေပြောင်ပြောင်စေတီတော်မြတ်ကြီးဓမ္မာရုံတွင် သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)၌  သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ညနေ(၆)နာရီက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ကြွရောက်လာသောဂေါပကအဖွဲ့နှင့် ဧည့်ပရိသတ်အားလုံးမှ သက်တော်ရှည်ဆရာတော်ကြီးများနှင့် အဖိုး၊ အဖွားများအား လက်အုပ်ချီကန်တော့ကြပြီး  လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်းခဲ့ရာ  ရွှေပေါက်ပင်ဆရာတော်မှ   လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်ချတရားချီးမြှင့်ပြီးသက်ကြီးပူဇော်ပွဲ အခမ်းအနားကို  ဗုဒ္ဓသာသနံစိရံဒိဌတု (၃) ကြိမ်ရွတ်ဆို၍   အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

လင်းလက်(ပြန်/ဆက်)