တမူး အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား နှစ်စဉ်အစဉ်အလာ မပျက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီက မြို့မဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း (၂၇) ကျောင်းမှ သံဃာတော်အရှင်သူမြတ် (၁၈၅) ပါးတို့အား သံဃာ့ပဝါရဏာသိမ်ဆင်း ဆွမ်းဆန်တော်များလောင်းလှူခြင်း၊ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ရတနာ