တမူး အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် သီတင်းကျွတ်ပွဲတော် အပျော်တမ်းဖူဆယ်(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ(၃း၃၀)နာရီအချိန်က ဗောဓိတောရကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် ဝင်းသန္တာအသင်းနှင့် Thunder FC အသင်းတို့ယှဥ်ပြိုင်ခဲ့ကြရာ ဝင်းသန္တာအသင်းမှ ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ပွဲစဥ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဥ်တစ်လျှောက်အတိုးတက်ဆုံးလူငယ်ကစားသမားဆုနှင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အသင်းများအား ဆုတံဆိတ်နှင့်ငွေသားဆုများ၊ ဆုဖလားများအား ဗောဓိတောရကျောင်းတိုက်ဆရာတော်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များက ဆုများချီးမြှင့်ခဲ့ကြပြီး ပွဲစဥ်တစ်လျှောက်တွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်များအားအမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ သီတင်းကျွတ်ပွဲတော် အပျော်တမ်းဖူဆယ်(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်များရှိပြိုင်ပွဲဝင်အသင်းများနှင့် ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်ဘောလုံးအသင်း(၈)သင်းတို့ အောက်တိုဘာလ(၁၁)နေ့မှစတင်၍ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ရတနာ