ဓနုဖြူ အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးနှင့် ပိဋကတ်သုံးပုံကျောက်စာတိုက်ကြီး၏ ဓမ္မဗိမာန်တန်ဆောင်းတော်ကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဓနုဖြူမြို့နယ်၊ ခင်မကန်ကျောင်းတိုက်ဆရာတော် ဦးရေဝတထံမှ ငါးပါးသီလခံယူကာ ရေစက်ချအမျှအတန်းပေးဝေခဲ့ပြီး ဘုန်းတော်ကြီးကျောင်း (၃၆)ကျောင်းမှ ဆရာတော်၊ သံဃာတော်အပါး(၉၀)တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များမှ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ စုစုပေါင်း တန်ဖိုးငွေကျပ် (၇,၁၂၉,၅၀၀)ကျပ်အား လှူဒါန်းခဲ့ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)