ကျွန်းစုမြို့တွင် မြို့ဦးကျက်သရေဆောင် သံသရာအေးစေတီတော်မြတ်ကြီး၌ (၁၇)ကြိမ်မြောက်  အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက် ရွတ်ပွားပူဇော်

ကျွန်းစု အောက်တိုဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၁၇)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက်ကို အဘိဓမ္မာအသင်းအဖွဲ့များမှ မြို့ဦးသံသရာအေးစေတီတော်မြတ်ကြီး၊ ဓမ္မာရုံ၌ အောက်တိုဘာ(၂၈)ရက် နံနက်ပိုင်းမှစတင်၍  ရွတ်ပွားပူဇော်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် အမှတ်(၁)ရပ်ကွက် အမျိုးသမီးအဘိဓမ္မာရွတ်ဆိုအသင်းတို့က နမောတဿ ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး သီရိမင်္ဂလာကျောင်းဆရာတော်ဦးဝိသေဌထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားအားရုပ်သိမ်းခဲ့ပြီး  အမှတ်(၁)ရပ်ကွက် အမျိုးသမီးအဘိဓမ္မာရွတ်ဆိုအသင်းမှ  စတင်ရွတ်ဆိုပူဇော်လျက်ရှိကြောင်း၊ (၁၃၈၅)ခုနှစ် အဘိဓမ္မာအခါတော်နေ့ အဘိဓမ္မာ(၇)ကျမ်းပါဠိတော် ကောက်နုတ်ချက်ရွတ်ပွားပူဇော်ပွဲကို သီတင်းကျွတ်လဆန်း(၁၄)ရက်မှ လပြည့်ကျော်(၁)ရက်နေ့အထိ (၃)ရက်တိုင်တိုင် နံနက်()နာရီမှ ည()နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ကျွန်းစုမြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်(က)အဖွဲ့၊ အမှတ်(၃)ရပ်ကွက်(ခ)အဖွဲ့၊ အမှတ်(၄)ရပ်ကွက်၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ စစ်မှုထမ်းဟောင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကတ္တလူကျေးရွာ၊ ထိန်ချောင်းကျေးရွာ၊ ကမ်းကြီးကျေးရွာ၊ ပြင်ထပ်အော်ကျေးရွာ၊ မရွှေဦးကျေးရွာ၊ ကုမ္ပဏီဓမ္မပါလစသည့် အဘိဓမ္မာအသင်းအဖွဲ့(၁၅)ဖွဲ့မှ အဘိဓမ္မာ(၇)ကျမ်းပါဠိတော် ကောက်နုတ်ချက်များကို အလှည့်ကျရွတ်ပွားပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)