ဖလမ်း အောက်တိုဘာ ၃၀
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဌာနဆိုင်ရာဗုဒ္ဓဘာသာဝင်များ၊ ဒေသခံဗုဒ္ဓဘာသာဝင်များက မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော် နေ့) ညနေ ၄ နာရီအချိန်တွင် ဗလိုင်ရပ်ကွက်၊ သာသနာပြုဗဟိုကျောင်းတိုက်တွင် ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ဗုဒ္ဓဘာသာဝင်များကစုပေါင်း၍ ပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ရောင်စုံဆီမီးထွန်းညှိပူဇော်ခြင်းနှင့် စတုဒိသာရခိုင်မုန့်တီဖြင့် အာဟာရဒါန ကျွေးမွေးခြင်းတို့ဖြင့် ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ကြသည်။
နံနက်ပိုင်းတွင် ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဗုဒ္ဓဘာသာဝင်များ၊ ဒေသခံဗုဒ္ဓဘာသာဝင်များက ဆရာတော်သံယာတော်များထံမှ သီလခံယူဆောက်တည်ခြင်း၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တရားတော်နာကြားခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်း၊ ဆရာတော် သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရဲမြင့်အောင်