စစ်ကိုင်းတောင်ရိုး သမိုင်းဝင်ဆွမ်းဦးပုညရှင်စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော် ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် တက်ရောက်

မုံရွာ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သမိုင်းဝင်ဆွမ်းဦးပုညရှင်စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော် ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးသီတဂူကမ္ဘာ့ ဗုဒ္ဒတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသမရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးနှင့် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ဆွမ်းဦးပုညရှင်သြဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။   

ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသမရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီး၊ စစ်ကိုင်းတောင်ရိုး ခေမာသီဝံကျောင်းတိုက် ဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်တို့က ဆွမ်းဦးပုညရှင် သာသနာ့ဗိမာန်တော်ကြီး တိုးချဲ့ရင်ပြင်တော်ပေါ်တွင် မင်္ဂလာကျောက်စာအား တစ်ပြိုက်နက်စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရေများ ပတ်ဖျန်းပေးခဲ့ကြသည်။  

ယင်းနောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးနှင့် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များမှ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဒရုပ်ပွားတော်များအား ဘုရားအနေကဇာတင်လှူပူဇော်ကြသည်။

ဆက်လက်ပြီး ပုညရှင်သာသနာ့ဗိမာန်တော် ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ပင့်သံဃာဆရာတော်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသ မရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်ကြီးများထံမှ မေတ္တာသုတ်ပရိတ်‌တရားတော်အား နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများနှင့် ပုညရှင်သာသနာ့ဗိမာန်တော် တည်ဆောက်ရခြင်းအကြောင်းအား ရှင်းလင်းလျှောက်ထားခဲ့သည်။ 

ထို့နောက် ပင့်သံဃာဆရာတော်၊ သံဃာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များမှ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး  သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသမရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်ပြီး ပုညရှင်သာသနာ့ဗိမာန်တော် အောင်ပွဲသီချင်းအား ရွှေတံဆိပ်ဆုရှင် တက်ခေတ်လင်းဇော်မှ သီဆိုပူဇော်သည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး အနောက်ဘက်တွင် အလျား - ၁၅၃ ပေ၊ အနံ - ၆၃ ပေ၊ အမြင့် - ၅၄ ပေရှိ အဆောက်အဦအား ဘိုးပိုင် ၉၉ လုံးဖြင့် တိုးချဲ့ကာ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးအား အထပ် ၄ ထပ် ဖြင့် တည်ဆောက်ခဲ့သည်။

ထို့နောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူဝိပဿနာအကယ်ဒမီရိပ်သာသို့ ဆွမ်းဆန်တော်နှင့်လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသ မရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ငါးပါးသီလခံယူဆောက်ကြသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

ထို့နောက် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုပြီး “ သီတဂူအဓိဌာန်” ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်