ကျိုက်လတ်၌ မဟာအတုလမြတ်မုနိံရပ်တော်မူဘုရားကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဝါကျွတ် ဆွမ်းသိမ်းပွဲ ကျင်းပ

ကျိုက်လတ် အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ (၂)ဖြတ်လမ်းတွင် တည်ထားကိုးကွယ်တော်မူသော မဟာအတုလမြတ်မုနိံရပ်တော်မူဘုရားကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဝါကျွတ်ဆွမ်းသိမ်းပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် မဟာအတုလမြတ်မုနိံရပ်တော်မူဘုရားကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဝါကျွတ်ဆွမ်းသိမ်းပွဲတော်ကြီးအား သြဝါဒ ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ နာယက လူကြီးမင်းများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စ အရှေ့ပိုင်းလူငယ်များနှင့် မြို့သူမြို့သား စေတနာရှင်များ စုပေါင်း၍ သီတင်းကျွတ်လဆန်း (၁၄)ရက်မှ စတင်၍ လပြည့်ကျော် (၁) ရက်နေ့အထိ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့၊ ညပိုင်းတွင် ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိပြီး ဘုရားလမ်းတစ်လျှောက်တွင် စျေးဆိုင်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များဖြင့် ကျင်းပပေးလျက်ရှိရာ လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်