အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးနိုင် ကွင်းကောက်မြို့ အားကစားကွင်းပြုလုပ်မည့် မြေနေရာအားကြည့်ရှုစစ်ဆေး

အင်္ဂပူ  အောက်တိုဘာ ၂၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးနိုင်သည်တာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်၊ကွင်းကောက်‌(မြောက်) အောင်ချမ်းသာ(၂) လမ်းရှိ ပြည်သူ့ အားကစားကွင်းပြုလုပ်မည့် နေရာသို့ရောက်ရှိရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကြိုဆိုခဲ့သည်။

ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်သူ့အားကစားကွင်းပြုလုပ်ရန်လျာသည့် မြေနေရာ အားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး ကျေးရွာဒေသဖွံ့ဖြိုးရေး ကော်မတီမှတင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)