ကျိုက်လတ်မြို့နယ် တိလောကမာရဇိန်မြတ်စွာဘုရားကြီးတွင် ဘုရားဖူးလာရောက်သူများဖြင့် စည်ကား

ကျိုက်လတ် အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ တိလောက မာရဇိန်မြတ်စွာဘုရားကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)၌ ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။

ကျိုက်လတ်မြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများတွင် သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့မှ စတင်ကာဘုရားဖူး လာရောက်သူများဖြင့် စည်ကားလျက်ရှိပြီး၊ ဘုရားများတွင် ဆီမီး၊ ရေချမ်း၊ ဘုရားပန်း၊ အမွှေးတိုင် ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် စည်ကားလျက်ရှိ၍ ညပိုင်းအချိန်တွင် ဆီမီးများ ဆက်ကပ်ပူဇော်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

လှိုင်မင်းအောင်