ဟားခါး အောက်တိုဘာ ၂၉
ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ဦးဆောင်ကြီးမှူး၍ ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့၊ ဇေတဝန်တောရ စာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်ပွဲနှင့် ခင်ပွန်ကြီးဆယ်ပါး ကန်တော့ပွဲအခမ်းအနားကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး မိုးဟိန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင်များနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး (၉) ပါးသီလ ဆောက်တည်ကြကာ မြတ်စွာဘုရား ၏ ဂုဏ်တော် (၉) ပါးကို ပူဇော်သောအားဖြင့် သစ်သီး (၉) မျိုး ၊ မုန့် (၉) မျိုး ၊ ယို (၉) မျိုး ၊ ပန်း (၉) မျိုး နံ့သာ (၉) မျိုးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနံ့သာနှင့် စတုဒီတာတို့ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ် လူမှုရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင်များနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များက ပူဇော်ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အဘိဓမ္မာအခါတော်ပွဲ၊ ခင်ပွန်းကြီးဆယ်ပါးကန့်တော့ပွဲပြုလုပ်ပြီး ဟားခါး၊ ဇေတဝန် တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ (ဓမ္မကထိကဋ္ဌဗဟုဇနဟိတဓရ၊ ဂန္ထဝါစက ပဏ္ဍိတ) အရှင်မြတ်ထံမှ ကုသိုလ် ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)