ကျောက်ကြီးမြို့နယ် ရှင်သီဝလိခြေတော်ရာတောင်တွင် ဘုရားဖူးလာ ပြည်သူများဖြင့်စည်ကား

ကျောက်ကြီး အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ မြို့ကျက်သရေဆောင် ရှင်သီဝလိခြေတော်ရာ တောင်တော်မြတ်တွင် အဘိဓမ္မာအခါတော်နေ့ သီတင်း ကျွတ်လပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်းကားလျက်ရှိသည်။

ကျောက်ကြီးမြို့နယ် ရှင်သီဝလိ ခြေတော်ရာတောင်တော်မြတ်တွင် တည်ထားကိုးကွယ်လျက်ရှိ သော ငါးထပ်ကြီးရုပ်ပွားတော်မြတ်၊ နှစ်ကျိပ် ရှစ်ဆူဘုရားများ၊ ရှင်သီဝလိ ရဟန္တာမြတ် ဘယ်ခြေတော်ရာနှင့် ခြေဆေးကန်စေတီတော်အား အဘိဓမ္မာအခါတော်နေ့ သီတင်ကျွတ် လပြည့်နေ့တွင် ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် အလုပ်နားချိန်၊ စိတ်အပန်းဖြေစရာအနေဖြင့် ငါးထပ်ကြီး ရုပ်ပွားတော်ရင်ပြင်တော်နှင့် ဇရပ်တန်ဆောင်းများတွင် မိမိတို့၏ နေ့စဥ်လုပ်ငန်းခွင်မဝင်ရောက်ခင် တစ်နေ့တာအနားယူ ဘုရားဖူးပြီး စိတ်အပန်းဖြေ လာရောက်ကြခြင်းဖြစ်ပြီး ဘုရားဖူးလာပြည်သူများအား ရှင်သီဝလိ ခြေတော်ရာတောင် ဆရာတော် ဥူးပညာဒီပမှ စတုဒီသာ နို့ထမင်း ဧည့်ခံကျွေးမွေးခြင်းများဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)