လေရှီးမြို့၌ ပုံမှန်ကာကွယ်ဆေး ထိုး/တိုက် အစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင် ထည့်သွင်းခြင်း အခမ်းအနား ကျင်းပ

လေရှီး အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လေရှီးမြို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနကကြီးမှူး၍ ပုံမှန် ကာကွယ်ဆေးထိုး/ တိုက်အစီအစဉ်တွင် (HPV) သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း လုပ်ငန်းများကို အောက်တို ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

အဆိုပါ သားအိမ်ခေါင်းရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုမှာ လေရှီးမြို့နယ်အတွင်း ပထမအကြိမ် စတင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ရောဂါဖြစ်ပွားမှုကို ကြိုတင် ကာကွယ်သော လုပ်ငန်းအရ မြို့နယ်အဆင့် (HPV) ရောဂါ ကာကွယ်ရေး ကော်မတီဝင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အာင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ နေစိုးမှ ရှင်းလင်းချက်အရသိရသည်။

၎င်းသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်တိုက်ကျွေးခြင်းလုပ်ငန်းကို လေရှီးမြို့နယ် အတွင်း ပထမအကြိမ် နိုဝင်ဘာလအတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခဘိုး(လေရှီး)