ဖျာပုံ အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြောက်ပိုင်းဘုရားကြီး၊ မေတ္တာရှင် ရပ်တော်မူဘုရားကြီးနှင့်သလိပ်ကြီးကျေးရွာ၊ လောကမာန်အောင် မြောက်ပိုင်းဘုရားကြီးတွင် ယမန်နေ့ ညနေပိုင်း အချိန်မှစ၍ ဆီမီးများပူဇော်ခြင်း၊စတုဒီသာ ကျွေးမွေးခြင်းနှင့် ဘုရားဖူးသူ များဖြင့် စည်ကားလျက်ရှိသည်။
ဖျာပုံမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ၊ ဘုရားများတွင် သီတင်းကျွက်လဆန်း (၁၄)ရက်နေ့မှစတင်ကာ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးလာရောက်သူများဖြင့်စည်ကားလျက်ရှိပြီး၊ ဘုရားများတွင်ဆီမီး၊ ရေချမ်း၊ဘုရားပန်း၊ အမွှေးတိုင် ဆက်ကပ် လှူဒါန်းခြင်းတို့ဖြင့် စည်ကားလျက်ရှိ၍ မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း၊ စတုဒီသာကျွေးမွေးခြင်းနှင့် ညပိုင်းအချိန်တွင် ဆီမီးများဆက်ကပ်ပူဇော်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)