ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီးတွင် ဘုရားဖူး လာရောက်သူများဖြင့် စည်ကား

ဒေးဒရဲ အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့၊ ညပိုင်းတွင် ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိသည်။

ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး တည်ရှိရာ ဘုရားလမ်းတစ်လျှောက်တွင် စျေးဆိုင်ခန်းများ၊ကလေးကစားကွင်းများ၊ ဖျော်ဖြေရေး မဏ္ဍပ်များဖြင့် ကျင်းပပေးလျက်ရှိရာ လာရောက်သူများဖြင့် စည်ကားလျက်ရှိပြီး  သီတင်းကျွတ် လပြည့် (အဘိဓမ္မာနေ့)၌ ဌာနဆိုင်ရာများ၊ လူမှုရေးနှင့် ဘာသာရေးအဖွဲ့များက ဝတ်ရွတ်စဥ်များ ရွတ်ပွားပူဇော်ခြင်း၊ ဆီးမီးတစ်ထောင်၊ ပန်းတစ်ထောင် ကပ်လှူပူဇော်ခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း