မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း ဆောင်ရွက်သည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

လေရှီး အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ လေရှီးမြို့နယ်အတွင်း နယ်စပ် ရေးရာဝန်ကြီးဌာန၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး စီမံကိန်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် (စတုတ္ထအကြိမ်) အိန္ဒိယနိုင်ငံထောက်ပံ့ရန် ပုံငွေကျပ် (၁၇၄၉၆၅) သန်းဖြင့် လေရှီး မြို့နယ် လေရှီး-ဆပ်ပြာ-ချယ်ရာ-အဝခေါင်လမ်းမပေါ်ရှိ ချယ်ရာချောင်းကူး တံတား (၇၀×၁၄) ပေ ဘေလီတံတား ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ယမန်နေ့က မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦခင်မောင်လင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားကို ဟောလေးလံဝါးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တံတား၏ ခိုင်ခံ့မှု အရည်အသွေး စစ်ဆေး ခြင်း၊ လိုအပ်သော လုပ်ငန်းများအား စစ်ဆေးလမ်းညွှန်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

၎င်းတံတားသည် မြို့နယ်အတွင်းရှိကျေးရွာ (၁၀) ရွာနေ ဒေသခံပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေးမှာ ယခင်ကထက်ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ခဘိုး(လေရှီး)