လဟယ် အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (HPV) သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် စတင်ထည့်သွင်း၍ ပထမအကြိမ်ထိုးနှံရန် မိတ်ဆက်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ (၁) နာရီ အချိန်တွင် လဟယ်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လဟယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ဇင်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ဒေါက်တာ အောင်ကျော်ဆန်းလင်းမှ သားအိမ်ခေါင်းကင်ဆာဖြစ်စေသော (HPV) ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းတွင် စတင်ထည့်သွင်းပြီး ပထမအကြိမ် ထိုးနှံမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။
အဆိုပါ ကာကွယ်ဆေးကို အသက် (၉)နှစ်မှ (၁၀) နှစ် အတွင်းရှိ မိန်းကလေးများအား ထိုးနှံသွားမည်ဖြစ်ပြီး လဟယ်မြို့နယ်အတွင်း ပထမအကြိမ်အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်းရှိ မိန်းကလေး (၈၃၃) ဦးအား ထိုးနှံ သွားမည်ဖြစ်ကြောင်း သိရသည်။
ရှားဆက် (လဟယ်ပြန်ဆက် )