သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား

မင်းဘူး  အောက်တိုဘာ  ၂၉

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ မင်းဘူးမြို့၏ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ယခင်ရက်များကလည်း အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူ များ အမြဲမပြတ် လာရောက်ဖူးမြော်လျက်ရှိပြီး ရွှေဆိုင်း၊ ရွှေသင်္ကန်းကပ်လှူသူ၊ ဆီမီး၊ ရေချမ်းနှင့် ပန်းများ ကပ်လှူပူဇော်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း စက္ကိန်းတဲဘဏ္ဍာထိန်းဂေါပက ဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။

ထို့အပြင် စက္ကိန်းတဲ စေတီတော်မြတ်ကြီးနည်းတူ မင်းဘူးမြို့၏ သမိုင်းဝင်ထင်ကရ စေတီပုထိုးများဖြစ်သော ဓါတ်တော်ကုန်း၊ ချမ်းသာကြီး၊ ရှင်မင်းဘူး၊ ကြောင်လိန်ဘုရားနှင့် အောက်ကျောင်း သမုဒ္ဒဂီရိ စေတီတော်မြတ်ကြီးတို့တွင်လည်း ဘုရားဖူးသူများ၊ ကုသိုလ်ဘာဝနာ ပွားများသူများဖြင့် စည်ကားများပြား လျက်ရှိကြောင်း ဘုရားဂေါပကများထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)