ဇလွန်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲပြုလုပ်

ဇလွန် အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့၊ ဆီထွက် သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲကို အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် မေရီလန်းကျေးရွာအုပ်စု တောင်သူအသိပညာပေးစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့နှင့် ဆီထွက်သီးနှံ နေကြာမျိုးစေ့ပေးအပ်ပွဲတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက မိုးစပါးစိုက်ရာသီတွင် လမ်းမကြီး ဘေးဝဲယာရှိ ရေတော်မိုးတော်စိုက်ခင်းများတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မြေမြုတ်နိုင် ရေးအတွက် မျိုးစေ့ထုတ်စိုက်ပျိုးရ ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏မူဝါဒ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ မူဝါဒဖြစ်သည့်အတွက် တောင်သူများအနေဖြင့် လိုက်ပါဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ရခြင်းပြောကြားခဲ့ပြီး သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ဧက (၁၂၀)၊ ဆီထွက်သီးနှံနေကြာ မျိုးစေ့ဧက (၁၀၀) စာ အတွက် ပေးအပ်ခဲ့သည်။ ယင်းနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများသည် မေရီလန်းကျေးရွာရှိ စိုက်ခင်းအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များအား ကြဲပက် စိုက်ပျိုးခဲ့ကြသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)