ပုလောမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်း ဖွင့်လှစ်

ပုလော   အောက်တိုဘာလ    ၂၂

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းကို ယမန်နေ့ နံနက်  (၁၀) နာရီ က ပုလောမြို့နယ် မြို့တော် ခန်းမ ၌ ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးတင်က ပြောကြားခဲ့သည်။
ပုလောမြို့နယ်တွင် မဲရုံ (၈၉) ရုံရှိပြီး၊ မဲရုံမှူး ၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် ဉက္ကဋ္ဌ နှင့် အတွင်းရေးမှူး စုစုပေါင်း (၂၅၈) ဦးကို အောက်တိုဘာလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့ အထိ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အုပ်စုခွဲ၍ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)