ဇလွန် အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်ရုံးပိတ်ရက် ယမန်နေ့ ညနေ ၆ နာရီတွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှစ၍ လပြည့်ကျော် (၁)ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး စင်တင်တေးဂီတ၊ အိုးစည်ဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးပုံးပျံများကို ညပိုင်းတွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
ဝေယံ-ဇလွန် (ပြန်/ဆက်)