သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား

ပခုက္ကူ အောက်တိုဘာ ၂၉

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့) တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ယနေ့ နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူ များ၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။

ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့် အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦး ဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ တည်ရှိရာ မြို့လည်းဖြစ်သော ကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထား သည့် နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့) ရောက်တိုင်း ဘုရား၊ စေတီတော်မြတ်ကြီး များရှိ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ် ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဥပုသ် သီလဆောက်တည်ခြင်းတို့ဖြင့် အသီးသီးလာရောက် ကုသိုလ်ယူကြသည် ကို တွေ့ရသည်။

ထို့အပြင် ပခုက္ကူမြို့၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်များရှိ ဆရာတော်သံဃာတော်ကြီးများထံ ဥပုသ် သီလတရားနာယူသူများ၊ ဘုရား၊ စေတီတော်ရင်ပြင်များတစ်လျှောက် အဘိဓမ္မာဒေသနာတော်ကို ရွတ်ဖတ်ပူဇော်သူများ၊ ဘုရားပန်းများ လှဲလှယ်သူများနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းသူများ၊ ငါးအစာ​ကျွေးသူများ၊ ဘုရားဝန်းအတွင်း ရောင်းချသည့် စားစရာ မုန့်ပဲသရေစာများ ဝယ်ယူစားသောက် အပန်းဖြေ ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)