ပဲခူးမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ဘုရားစေတီပုထိုးများနှင့် ဘုန်းကြီးကျောင်းများတို့တွင် ကောင်းမှုကုသိုလ်ပြုလုပ် သူများဖြင့်စည်ကား

ပဲခူး အောက်တိုဘာ ၂၉

ပဲခူးမြို့တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ ယနေ့ နံနက်ပိုင်းက ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော် မြတ်ကြီး နှင့် တန်ခိုးကြီးဘုရားများဖြစ်သော ရွှေသာလျောင်းဘုရား၊ မြသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရား၊ မဟာစေတီ၊ ဟင်္သာကုန်း ဘုရား၊ ကျိုက်ပွန်ဘုရား၊ ကျိုက်ပညာဘုရားတို့တွင် ဆီမီးထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ အမွှေးနံ့သာတိုင်များ ပူဇော်ခြင်း စသည့် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပဲခူးမြို့ရှိ ဘုန်းကြီးကျောင်းများတွင် ဥပုသ်သီလ ခံယူဆောက်တည်သူများ၊ လှူဒါန်း ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်းကားလျက် ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)