ကျွန်းလှမြို့နယ်၌ သီးတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ကျွန်းလှ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လင်းလက်ကြယ်စင် ကလပ်အသင်းက ကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့က အင်းကောင်းကျေးရွာ၌ ကျင်းပကြောင်း သိရသည်။

ထိုပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အားကစားသမား ၉၀ ဦးဖြင့် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ အားကစားဝါသနာရှင်များ၊ ကျေးရွာနေပြည်သူများ ကြည့်ရှုအားပေးကြပြီး ကျွန်းလှမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပိုက်ကျော်ခြင်း အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ