မကွေး အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအောက်ရှိ ကျေးရွာများလျှပ်စစ် မီး ရရှိရေးအတွက် အမျိုးသားဓာတ်အားရရှိရေး စီမံကိန်း (NEP) Phase-1 ဖြင့် ဆောက်ရွက် နေသည့် ကျေးရွာများအနက် အောက်တို့ဘာ ၄ ရက်နေ့က မကွေးမြို့နယ် နတ်ကန်ကျေးရွာ အုပ်စု၊ နတ်ကန် ကျေးရွာတွင် လျှပ်စစ်မီးလင်းပေးနိုင်ခဲ့ပြီး ကျေးရွာ မီးလင်းရေးအောင်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေး အောင်ထံက သိရသည်။
အဆိုပါ ကျေးရွာမီးလင်းရေးအောင်ပွဲ အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီးအမှတ် (၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်နှင့် နတ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်သန်းဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ မီးလင်းရေးအောင်ပွဲ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းတို့က အမှာစကား အသီးသီးပြောကြားပြီး မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်း ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
၏အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း(NEP)ကို ၂၀၁၅ ခုနှစ်မှ စတင်ပြီး အကောင်အထည် ဖော်ဆောင်ရွက်နေတာပါ၊ ၂၀၃၀ ခုနှစ် အတွင်း တစ်နိုင်ငံလုံးရှိတဲ့ ကျေးရွာတွေ ဓာတ်အားရရှိရေး စီမံချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်၊ အဲဒီကျေးရွာ မီးလင်းရေးအတွက် လိုအပ်တဲ့ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁.၂မိုင် နှင့် (၁၁/ဝ.၄) ကေဗွီ၊၂၀၀ကေဗွီအေ ၂လုံး ထရန်စဖော်မာတပ်ဆင် တည်ဆောက်ရေး လုပ်ငန်းတွေကို အမျိုးသားဓာတ်အားရရှိရေး စီမံကိန်း (NEP)အနေနဲ့ တာဝန်ယူ တပ်ဆင်တည်ဆောက်ပေးခဲ့တာပါ၊ ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အား လိုင်း ၁.၀၈ မိုင်ကို ကျေးရွာနေ ပြည်သူလူထုထည့်ဝင်ငွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်၊ နေအိမ်တွေ အိမ်သုံးမီတာ လျှောက်ထား တပ်ဆင်ခြင်းကို ဆက်လက်ဆောင်ရွက်နေတာဖြစ်ပြီးတော့ အားလုံးတပ်ဆင်ပြီးပါက ကျေးရွာရှိတဲ့ အိမ်ခြေ ၂၅၀ ကျော်ကို မီလင်းပေးနိုင်မှာဖြစ်ပါတယ် ဟု မကွေးမြို့နယ် လျှပ်စစ်အင်ဂျင် နီယာ ဦးစိုးဌေးအောင်က ပြောသည်။
သန်းနိုင်ဦး(ငဖဲ)