မုံရွာမြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club (၈၁)ကြိမ်‌မြောက် စာဖတ်ဝိုင်းပြုလုပ်

မုံရွာ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်မ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ (၈၁)ကြိမ်‌မြောက် စာဖတ်ဝိုင်းကို စာရေးဆရာ‌မြတ်သုတ (မြန်မာစာ)နှင့် မင်းမြတ်မိုး (ပန်းမြေ)တို့မှ စုစည်းစီစဥ်၍ က‌လောင်စုံ၊ ရသစုံ ပါဝင်သည့် "ဂန္ထဝင်စင်မြင့် အသွင်တင့်သည့် ကဗျာများ" စာအုပ်ဖြင့်  ‌ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှု ရရှိလာနိုင်ပုံ များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရာ စာရေးဆရာမြတ်သုတ (မြန်မာစာ)နှင့် တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ များ အသင်းဝင်များ၊ စာပေဝါသနာရှင်များက  က‌လောင်စုံ၊ ရသစုံ ပါဝင်သည့် "ဂန္ထဝင်စင်မြင့် အသွင်တင့်သည့်ကဗျာများ" စာအုပ်ပါ စိတ်ပါ ဝင်စားသည့် ကဗျာများအား အသီးသီးဆွေးနွေးဖတ်ကြားခဲ့ပြီး အချင်းချင်းအပြန်အလှန် အမြင်ချင်းဖလှယ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်