မြောင်းမြမြို့တွင် သီတင်းကျွတ်လဆန်း (၁၄)ရက် မြို့နယ်အတွင်းရှိ စေတီ၊ ပုထိုးများတွင်  ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား

မြောင်းမြ အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ စေတီ၊ ပုထိုး၊ တန်ဆောင်းများ၌ သီတင်းကျွတ်လဆန်း (၁၄) ရက် နံနက်ပိုင်းနှင့်  ညနေပိုင်းတို့တွင် ဆွမ်းဆက်ကပ်လှူဒါန်းသူများ၊  ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လဆန်း (၁၄) ရက်တွင် မြောင်းမြမြို့နယ်ရှိ စကြာသီဟ စကြာနန္ဒဘုရား၊ ရွှေသာလျောင်းဘုရား၊ ရွှေဗုဒ္ဓေါ ဘုရားများနှင့် မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် နံနက်ပိုင်း ဆွမ်းဆက်ကပ် လှူဒါန်းသူများ၊ ညနေပိုင်းတွင် ပန်းရေချမ်းဆီမီး ဆက်ကပ် လှူဒါန်းသူများ၊ ဘုရားဖူး ကုသိုလ်ယူသူများ၊ အပန်းဖြေသူများ၊ ပွဲစျေးတန်းလျောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(မြောင်းမြ)