ကသာ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (၇) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၅၀) ကျပ်သားကို ငွေကျပ် ၂၉၀၀ နှုန်းဖြင့် ဒေသခံပြည်သူများအား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။ စားအုန်းဆီရောင်းချပေးနေမှုကို ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
တန်ဖိုးသင့်စားအုန်းဆီ ရောင်းချပေးခြင်းကို ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်းရေး လုပ်ငန်းအဖွဲ့နှင့် မြို့နယ်ကုန်သည်ကြီးများအသင်းက ယနေ့တွင် လူဦးရေ (၁၆၀၀) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)