သာပေါင်း အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးနှင့် အခြေခံစားသောက်ကုန်လုံလောက်မှုရှိစေရေး ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့က ယမန်နေ့၊ နံနက် ၁၁ နာရီအချိန်က ဇီးဖြူကွင်းကျေးရွာအုပ်စု၌ စားသုံးဆီတစ်ပိဿာ(၅၂၀၀)ကျပ်ဖြင့် လက်လီရောင်းချပေးခဲ့ကြသည်။
ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးနှင့် အခြေခံစားသောက်ကုန်လုံလောက်မှုရှိစေရေး ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်များအသင်းနှင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီတို့မှ ပြည်သူများစားသုံးဆီဈေးနှုန်း သက်သာချောင်ချိစေရေးအတွက် လက်လီရောင်းချပေးလျက်ရှိရာ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာအရောက် စားသုံးဆီတစ်ပိဿာ(၅၂၀၀)ကျပ်ဖြင့် ပိဿာ(၅၅၀)ကို ကျေးရွာနေပြည်သူအား စနစ်တကျတန်းစီကြီးကြပ်ကာ လက်လီရောင်းချပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်