ထီးချိုင့် အောက်တိုဘာ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးဇော်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကကြီးကြပ်၍ ဆီကုန်သည်များနှင့်ပူးပေါင်းပြီး ယနေ့နံနက် (၉:၃၀)နာရီက မြို့မအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သားကို ၂၆၀၀ ကျပ်ဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး စားအုန်းဆီ ၃၈၅ ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)