ဖောင်းပြင် အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်ပြင်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့မှ ပြည်သူလူထုတို့ကို အသိပညာဗဟု သုတရရှိရေးအတွက် ဖတ်ရှုနိုင်ရန် သုတ၊ ရသစာအုပ်ပေါင်း ၃၃အုပ်ကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့ ညနေ(၃)နာရီအချိန်က လာရောက်လှူဒါန်းကြသည်။
စာအုပ်များလှူဒါန်းခြင်းနှင့် ပတ်သက်၍ "စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့် စကားနှင့် အညီစာအုပ် သည် လူ့ဘဝကိုအကောင်းဆုံးဖြစ်အောင် ဖန်တီးပေးသည့် အကောင်းဆုံးအဖော်မွန် ဖြစ်သော ကြောင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်အတွက် ဖတ်ရှုနိုင်ရန်နှင့်စာကြည့် တိုက်ပိုမိုဖွံ့ဖြိုးတိုး တက်စေရန်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း" မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်အိဖြူဇင်ထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)