ပုသိမ် အောက်တိုဘာ ၂၈
ပုသိမ်မြို့၊ ကန်သာယာပန်းဥယျာဥ် (Royal Lake) အတွင်း ရောင်စုံမီးကြာခွက်မျှောခြင်းနှင့် (Mass musicband) ခေတ်ပေါ်တေးဂီတဖျော်ဖြေမှုနှင့်အတူ Nyan Min & Luner (DJ)အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) တို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါလကင်းလွတ် သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ခရီးသွားသူများ အပန်းဖြေနိုင်ရေးအတွက် ပန်းဥယျာဥ်အတွင်း ပတ်လမ်းဘေးတစ်လျှောက် ဆီမီးခွက်(၅၀၀) ထွန်းညှိပူဇော်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး အပန်းဖြေဥယျာဥ်အတွင်း ကလေးများပျော်ရွှင်ဖွယ်ရာ ကစားကွင်းများကိုလည်း ပြုလုပ်ထားပြီးဖြစ်ကာ ရောင်စုံမီးကြာခွက်များ ကန်ရေပြင်အတွင်း မီးမျှောပူဇော်ရန် ဧည့်ပရိတ်သတ်များအား မီးကြာခွက်များ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဟန်(ပြန်/ဆက်)