ရေဦး အောက်တိုဘာ၂၈
ရေဦးခရိုင် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ ဦးဆောင်၍ ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာ၀န်ထမ်းများအား တန်ဖိုးသင့် စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
တန်ဖိုးသင့် စားသောက်ကုန်များ ရောင်းချပေးရာတွင် ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးလျှင် အာလူး ၂၅ ကျပ်သား၊ ကြက်သွန်နီ ၂၅ ကျပ်သား၊ ကြက်ဥ ၅ လုံးပါ စားကုန်ပစ္စည်းသုံးမျိုးကို ငွေကျပ် ၂၀၀၀ ဖြင့် ၀န်ထမ်း ၅၀ ဦးအား ရောင်းချပေးခဲ့ကြောင်းသိရသည်။
အခြေခံ စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမင်းသူရနှင့် အဖွဲ့၀င်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)