ခန္တီးမြို့တွင် ဝန်ထမ်းများအား စားအုန်းဆီများဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ခန္တီး အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် (၈)နာရီအချိန်က မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှေ့တွင် စားအုန်းဆီများကို ပြင်ပပေါက်ဈေး ထက်သက်သာသောဈေးနှုန်းဖြင့် ဝန်ထမ်းများအားရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ဆီ(၁)ပိဿာကို ငွေကျပ်(၇၀၀၀)ဖြင့် ရောင်းချပေးပြီး ဝန်ထမ်း(၁) ဦးလျှင်ဆီ(၁)ပိဿာနှုန်းဖြင့် ပိဿာ(၂၂၀)ကို ဝန်ထမ်းများလက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။ အဆိုပါစားအုန်းဆီများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ပထမဦးစားပေးအနေဖြင့် ဝန်ထမ်းများအား ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

စားအုန်းဆီများရောင်းချပေးရာနေရာသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)