ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

ဟားခါး အောက်တိုဘာ ၂၈

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အောက်တိုဘာ ၂၈ ရက်နေ့နံနက်ပိုင်းက ဟားခါးပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေး၊ ခြင်၊ ယင်ပေါက်ပွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား လေကောင်း လေသန့်ရရှိစေရန်နှင့် မျက်စိပသာဒဖြစ်ဖွယ် ပတ်ဝန်းကျင်ဖြစ်စေရန်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်များ၊ ပေါင်းမြက်များ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ချင်းပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချို၊ စစ်ဗျူဟာ(အခြေချ) ဟားခါးမှစစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင်နှင့် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်တို့က ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)