စလင်းမြို့နယ်တွင် အခြေခံပြည်သူများအား ဧရာပဒေသာဆန်(၆၆၀)ပြည်နှင့် ကြက်ဥ(၉၉၀)လုံး၊ ခေါက်ဆွဲခြောက်များ လှူဒါန်း

စလင်း  အောက်တိုဘာ  ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပေါင်းနားသိရိမင်္ဂလာကွက်သစ်ရပ်တွင် မြို့နယ်အတွင်းနှင့် ရပ်ကွက်နေပြည်သူ အိမ်ထောင်စု (၃၃၀)အား အောက်တိုဘာ (၂၈)ရက် နံနက် ၈နာရီအချိန်က ဧရာပဒေသာဆန်နှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ပါရမီကျော်ဆန်စက်ဝိုင်းအတွင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် (ပါရမီကျော်ဆန်စက်ပိုင်) ဦးကျော်ငွေ၊ ဒေါ်အေးအေးမော်မိသားစုတို့မှ ရပ်ကွက်နေပြည်သူ အိမ်ထောင်စု(၃၃၀)တို့အား သီတင်းကျွတ်ကာလ မိသားစုစားဝတ်နေရေး အဆင်ပြေကြစေရန် အခြေခံအိမ်ထောင်စုများနှင့် လက်လုပ်လက်စား လုပ်ကိုင်သည့် ပြည်သူများကို လူတစ်ဦးလျှင် ဆန်(၂)ပြည်၊ ကြက်ဥ(၃)လုံးနှင့် ခေါက်ဆွဲခြောက်များကို လှူဒါန်းရာတွင်  စနစ်တကျရှိစေရန်အတွက် တစ်ဦးခြင်း စီတန်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် လှူဒါန်းရာ တတိယအကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း လှူဒါန်းခန့်မှန်းကုန် ကျငွေ စုစုပေါင်း (၄၂)သိန်းကျော်ခန့် လှူဒါန်းခဲ့ကြောင်း ပါရမီကျော်ဆန်စက်ပိုင်  ဦးကျော်ငွေထံမှ သိရှိရသည်။

(မောင်လွင်)စလင်း