ဖြူးမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးများနှင့် ထုတ်လုပ်ခွင့်လိုင်စင်မရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်း မရှိရေးစစ်ဆေး

ဖြူး အောက်တိုဘာ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးများနှင့် ထုတ်လုပ်ခွင့် လိုင်စင်ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်းဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနများမှ တာဝန်ရှိသူများသည် Cambodia နိုင်ငံထုတ် Gingsing Pro BioGrand ကျန်းမာရေးဖြည့်စွက်စာသည် အနောက်တိုင်းဆေးများ ရောနှောထားသည့် ဆေးဖြစ်သောကြောင့် ရောင်းချမှုမရှိရေးစစ်ဆေးခြင်း၊ အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသော အခြားဆေးများနှင့် ထုတ်လုပ်ခွင့်လိုင်စင် ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိကိုစစ်ဆေးခြင်း၊ ဆေးဆိုင်များတွှင် ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်ညီ/မညီ၊  သိုလှောင်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းနှင့် တရားမဝင်၊ သက်တမ်းလွန်၊ လိုင်စင်မဲ့ဆေးများ မရောင်းချရန်အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)