ကနီ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ရေလည်ကျွန်းပြည်သူ့စစ်ကျေးရွာမှ ကျောင်းသား/ကျောင်းသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဝေစိုးက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူ့စစ်ကျေးရွာများမှ ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပေးအပ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဝေစိုးနှင့်အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ပေးအပ်ရာတွင် ကျောင်းသား/ကျောင်းသူ တစ်ဦးလျှင် ဆန် (၈)ပြည်၊ ဆီ(၁)ပိဿာနှင့် ကုလားပဲ(၁)ပြီနှုန်းစီဖြင့် ကျောင်းသား/ကျောင်းသူ (၁၄)ဦးနှင့် အုပ်ချုပ်ကြီးကြပ်သူ(၂)ဦး စုစုပေါင်း(၁၆)ဦးစာအတွက် ဆန်(၁၂၈)ပြည်၊ ဆီ(၁၆) ပိဿာ၊ ကုလားပဲ(၁၆)ပြည်နှင့် ဆား(၅)ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(၁၇၈)