ဖျာပုံအောက်တိုဘာ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် ပွင့်လင်းရာသီအမီမြို့အင်္ဂါရပ်နှင့်အညီသစ်လွင်တောက်ပစေရေးနှင့် မြို့သန့်ရှင်း သာယာလှပစေရန်အတွက် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပွင့်လင်းရာသီအမီ မြို့သာယာလှပစေရေး ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတိုးမြင့်အောင်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ကပွင့်လင်းရာသီအမီမြို့အင်္ဂါရပ်နှင့် အညီသစ်လွင်တောက်ပစေရေး၊ မြို့သာယာလှပစေရေးအတွက် မြို့ဝင်/မြို့ထွက်ရှိဆိုင်းဘုတ်များ၊ မြို့တွင်းပလက်ဖောင်း ကပ်တုံးများ၊ ရုံး/နေအိမ်ခြံစည်းရိုးများဆေး သုတ်ခြင်းနှင့်မြို့သန့်ရှင်းသာယာ လှပစေရေးလုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိကြပြီး၊ ရုံးဌာနဆိုင်ရာများနှင့် အများပြည်သူများကို လည်းမြို့သန့်ရှင်းသာယာ လှပစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုက်လံအသိပေးအကြောင်းကြား ဆောင်ရွက်လျက်ရှိကြောင်း၊ ဖျာပုံမြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)