သာပေါင်းမြို့နယ်၊သီရိ‌ရွှေသာဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ

သာပေါင်း အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများမီးဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်မီငြှိမ်းသတ်နိုင်ရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများကို ယနေ့ အောက်တိုဘာလ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန် သီရိရွှေသာ ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြဆောင်ရွက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးလှဝင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိဦးကျော်သူလွင်တို့က ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ စျေးသူ စျေးသားများ၊စျေးကော်မတီများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်မီးငြှိမ်းသတ်ဆေးဘူးနှင့် မီးဘေး ကာကွယ်ရေးသုံး ပစ္စည်းများကို စနစ်တကျထားရှိသုံးစွဲကြရန် အသိပညာပေးဟောပြောပြီး မြို့နယ်မီးသတ် ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူလွင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆)ဦး၊ မီးငြှိမ်း သတ်ယာဉ်(၂)စီးဖြင့် မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် မီးလောင်ခြင်း အန္တရာယ် ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူး အသုံးပြုပုံ၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူး အသုံးနည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများကို ဈေးသူ၊ ဈေးသားများပါဝင်၍ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခဲ့ကြကြောင်းသိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်