တိုင်းဒေသကြီးဝန်ကြီးချုပ် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများနှင့် ၂၀၂၃ခုနှစ်၊ ဆောင်းသီးနှံ နေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်အားပေး

ပုသိမ်  အောက်တိုဘာ  ၂၇

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အောက်တိုဘာလ (၂၆)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ကွင်းယားကြီးကျေးရွာ၌ပြုလုပ်သည့် မိုးစပါးရိတ်သိမ်းနေမှုများကို ကြည့်ရှုအား ပေးပြီး အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ   စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး စင်တာတွင်ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်၍ နေကြာမျိုးစေ့များ တက်ရောက်ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာရှိ တောင်သူ ဒေါ်ရွှေလှ၏ လယ်(၂)ဧကတွင်ပြုလုပ်သည့်  ဆင်းသုခမျိုးစပါးအား ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါတောင်သူ၏ တစ်ဧကစပါးအထွက်နှုန်းမှာ ပျှမ်းမျှ(၁၃၀)တင်းထွက်ရှိခဲ့ကြောင်းသိရသည်။  အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ငါးရှဉ့်ထူကျေးရွာရှိ တောင်သူ ဦးသက်ဦး၏လယ်မြေ(၃)ဧကတွင် မိုးရွာသွန်းမှုများပြားမှုကြောင့် မိုးရေတင်ခြင်း၊ ကောက်ပင်များ လဲကျခြင်းများဖြစ်ပေါ်ခဲ့သဖြင့် မိုးရေဖောက်ထုတ် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးရိတ်သိမ်းချိန်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ယခုရက်ပိုင်းအတွင်း မုန်တိုင်းအရှိန်ကြောင့် ၂၃ရက်နေ့မှစ၍ မိုးရွာသွန်းမှု များပြားခြင်းကြောင့် မိုးရေတင်ခြင်း၊ ကောက်ပင်များလဲကျခြင်းများဖြစ်ပေါ်ခဲ့သော်လည်း မိုးရေအချိန်မီဖောက်ထုတ်ခြင်း၊ လူအင်အား၊ ကောက်ရိတ်စက်အင်အားများဖြင့် အချိန်မီရိတ် သိမ်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ရိတ်သိမ်းချိန်တွင် ပျက်စီးဆုံးရှုံးမှုများနှင့် အထွက်နှုန်းများ လျော့ကျ သွားခြင်းများမရှိခဲ့သည်ကိုလည်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီး ကုန်းကျေးရွာရှိ   စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာတွင် ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍“ တိုင်းဒေသကြီးတွင် မိုးစပါးနှင့်နွေစပါးများ စိုက်ပျိုးလျက်ရှိရာ စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေကြီးနစ်မြုပ်မှု များကြောင့် စပါးခင်းများ တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သော်လည်း ပြန်လည်အစားထိုး စိုက်ပျိုးခြင်းများကို အချိန်မီဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိ စေရေးအတွက် ဆီထွက် သီးနှံများအား စပါးစိုက်ပျိုးခြင်းများကို ထိခိုက်စေခြင်းမရှိစေဘဲ တိုးချဲ့ဆောင်ရွက် စိုက်ပျိုးစေခြင်းလည်းဖြစ်ပါကြောင်း၊ မြေပဲ၊ နှမ်းများ စိုက်ပျိုးခြင်းများအပြင် နေကြာစိုက်ပျိုး ခြင်းကိုလည်း တိုးချဲ့စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် တောင်သူများ အပါအဝင် အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြ စေလိုကြောင်း” အမှာစကားများ ပြောကြားခဲ့ပြီး တောင်သူများထံသို့ ရေဆင်း-၁နှင့် ဆင်းရွှေကြာ-၂ နေကြာ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နေကြာအောင်မြင် ဖြစ်ထွန်းရေး အတွက်ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဘုရားကြီးကုန်းကျေးရွာအုပ်စုရှိတောင် သူဦးစိန်မောင်သန်း၏ ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၂၀)တွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်(၅)နှစ် မြေခံထည့် သွင်းခဲ့ပြီး တိုင်းဟိဇီဝမြေဩဇာထည့်သွင်းအသုံးပြုထားသည့် ၂၀၂၃ခုနှစ်၊ မိုးစပါး ဇီဝမြေဩဇာသုံး မျိုးစေ့ထုတ်စံပြစိုက်ခင်း ရိတ်သိမ်းနေမှုနှင့် တိုင်းဟိဇီဝမြေဩ ဇာအသုံးပြုထားရှိသည့် မြေများတွင် အကျိုးပြုအဏုဇီဝပိုးများ ရှင်သန် ကျန်ရှိမှု၊ အဆိုပါပိုးများမှ မြေဆီလွှာပြုပြင်ပေးမှု အခြေအနေများအား ကြည့်ရှုအားပေး ခဲ့သည်။ အဆိုပါစိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင်ပျမ်းမျှ အထွက်နှုန်း (၁၁၈)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)