မြင်းမူ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ယခုနှစ် မိုးရာသီတွင် မိုးစပါးဧက(၁၂၁၀၆)ကို စိုက်ပျိုးရန်လျာထားခဲ့သော်လည်း စိုက်ဧက(၁၃၈၀၇)ထိ စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက် (၁၇၀၁)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်အနေဖြင့် ပျော့ရွာမြစ်ရေတင်စီမံကိန်းပါ ကျေးရွာ(၅)ရွာ၏ နှစ်စဉ် စပါးစိုက်ဧက (၂၀၀၀)အပြင် အခြားမြစ်ရေတင်လုပ်ငန်းများဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြိး ဒေသခံ တောင်သူများအနေဖြင့် မနောသုခစပါးမျိုးကိုသာ အများဆုံး ရွေးချယ်စိုက်ပျိုးလျက်ရှိရာ ယမန်နှစ် စပါးထွက်ရှိမှုအနေဖြင့် (၁)ဧကလျှင် ပျှမ်းမျှစပါး (၈၆ဒဿမ ၀၇)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
နည်းစနစ်တစ်ကျစိုက်ပျိုးရေး၊ ပိုးမွှားအန္တရာယ် ကာကွယ်ရေးဆိုင်ရာကိစ္စများ၊ သဘာဝ မြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေး၊ နည်းစနစ်မှန် စိုက်ပျိုးရေး၊ စသည့် နည်းပညာပေး လုပ်ငန်းများအပြင် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် အချိန်မီ ပြီးစီးအောင် စိုက်ပျိုးနိုင်ရေးတို့ အတွက် ဒေသခံတောင်သူများနှင့်အတူ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိထံက သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)