ဖောင်းပြင်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

ဖောင်းပြင် အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Woman Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က စာရေးဆရာမ ပေါက်ပေါက်ရေးသားသည့် "ကျန်းမာသုခ လူနေမှုဘဝ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမျိုးသမီးစာပေချစ်မြတ်နိုးသူများအသင်း (Woman Club) အဖွဲ့ဝင် ဒေါ်စံပယ်ဦးက "ကျန်းမာသုခ လူနေမှုဘဝ" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာ" အာရောဂျံ ပရမံ လာဘံ၊ ကျန်းမာရေးဟာ လာဘ်ကြီးတစ်ပါးဖြစ်သည်နှင့် အညီ ကျန်းမာရေးကောင်းခြင်းဟာ လူသားတို့ အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း၊ လက်ရုံးရည်နှင့်အလုပ်လုပ်သူတွေအတွက် ကျန်းမာရေးကောင်းနေဖို့လိုသလို နှလုံးရည်ကို သုံးနေသူအတွက် ကိုယ်ရောစိတ်ရော ကျန်းမာနေ ဖို့လိုကြောင်း" ဦးဆောင်ဆွေးနွေးကာ Woman Club အဖွဲ့ဝင် ဒေါ်ယဉ်မိုးလှိုင်က ပြန်လည်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပရခြင်းသည် "လူအများကြား ဆွေးနွေးတတ်သည့် အလေ့အကျင့် များရရှိပြီး တစ်ဦးနှင့် တစ်ဦး အသိပညာဗဟုသုတများ ဖလှယ်နိုင်ခွင့်ရရှိရေးနှင့် စာကြည့်တိုက် ပိုမိုရှင်သန်အောင်မြင်ရေး၊ စာဖတ်ပရိတ်သတ်တိုးပွားရေး၊ စာပေဝါသနာရှင်များ ပေါ်ထွန်းလာစေ ရေးနှင့် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်နှင့်အညီ ကျန်းမာစွာနေထိုင်နည်းများကို သိရှိကြပြီး ပြုမူနေထိုင်သည့် အလေ့အကျင့်များရှိလာစေရန်အတွက်" ရည်ရွယ်၍ ကျင်းပရခြင်းဖြစ် ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးအရာရှိဒေါ်စံပယ်ဦးထံမှ သိရ သည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသမီးစာပေချစ်မြတ်နိုးသူများအသင်း (Woman Club) အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ကျောင်းသူ များနှင့် စာဖတ်ပရိတ်သတ်များ တက်ရောက်ကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)