ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများ အစည်းအဝေးကျင်းပ

ရွှေသောင်ယံ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက်(၁၀)နာရီက ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်မှ ကမ်းခြေသန့်ရှင်း သာယာရေးနှင့် ရပ်ကွက်ကျေးရွာများ သန့်ရှင်းသာယာ လှပအတွက် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်ဆောင်ရွက်ကြရန်လာမည့် သီတင်းကျွတ်လပြည့်နေ့တွင် သံဃာ တော်များအား ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စည်ကားသိုက်မြိုက်စွာ ဆွမ်းလောင်းလှူရန် အစီအစဉ်တို့ကို ပြောကြားသည်။

ထို့ပြင် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာ များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ အစည်း အဝေးသို့ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်နှင့် အတူ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)