မင်းလှမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

မင်းလှ အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများ၊ လှုမှု‌ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်း၍ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲကျင်းပနိုင်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းကပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က သရက်တပင်ကျေးရွာအုပ်စု၊ မြို့ဦးနနွင်းဘုးရားစေတီတော်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ဆီမီးတစ်ထောင်ပူဇော်ခြင်း၊ ဝတ်အသင်းများက အဘိဓမ္မာများရွတ်ဖတ်ပူဇော်ခြင်းတို့ကို ပြုလုပ်ကြရန်အတွက် အလှူငွေများလှူဒါန်းကြရန်၊ သန့်ရှင်းရေးကိစ္စများဆောင်ရွက်ကြရန်၊ လုံခြုံရေးဆောင်ရွက်ကြရန် အစီအစဉ်များကိုဆွေးနွေးပြောကြားသည်။

အစည်းအဝေးတတ်ရောက်ကြသည့် ဌာနဆိုင်ရာများက ဆီမီးပူဇော်ခြင်း အဘိဓမ္မာရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာများကျွေးမွေးခြင်း အစီအစဉ်များကို တာဝန်ခွဲဝေဆောင်ရွက်ကြရန်ဆွေးနွေးခဲ့ပြီး လုပ်ငန်းတာဝန်များကိုညှိနိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)