ညောင်လေးပင် အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီ အချိန်က ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အပြည့်အဝကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းထွက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချနိုင်ရေးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းထူထောင်မည့် သင်တန်းသူများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများအားပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးမှ မြို့မဈေးကြီးအတွင်းအပြင် စီမံဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်ဇင်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်ဆက်