ခမောက်ကြီးမြို့တွင်အသက် ၉နှစ် မှ ၁၀နှစ်အရွယ်အမျိုးသမီးငယ်များအား HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင်ထိုးနှံဆောင်ရွက်

ခမောက်ကြီး၊ အောက်တိုဘာ ၁ ရက်

      ကော့သောင်းခရိုင် ၊ခမောက်ကြီးမြို့ တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် အမျိုးသမီးငယ်များအား  HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ကိုခမောက်ကြီးကျေးလက်ကျန်းမာရေးဌာနခွဲ၌ယမန်နေ့မွန်းလွဲပိုင်းမှစတင်၍ ထိုးနှံဆောင်ရွက်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင်၂၀၁၀ပြည့်နှစ်စက်တင်ဘာလမှ ၂၀၁၁ခုနှစ်ဩဂုတ်လအတွင်းမွေးဖွားသည့် အသက် ၉နှစ် မှ ၁၀နှစ်အရွယ် အမျိုးသမီးငယ်များအား ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအဖြစ် HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ထည့်သွင်းထိုးနှံသွားမည်ဖြစ်ပြီး၊ တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂) လခြား၍ (၂) ကြိမ် ထိုးနှံဆောင်ရွက်သွားမည်ဖြစ် ကြောင်း သားဖွားဆရာမဒေါ်ဇင်မာဝေထံမှ သိရသည်။

ခမောက်ကြီးမြို့ပေါ်ရပ်ကွက်နှင့်(၄၅)မိုင်တို့ရှိ အသက် ၉နှစ် မှ ၁၀နှစ်အရွယ် အမျိုးသမီးငယ်များအား အောက်တိုဘာ (၂၀) ရက်နေ့မွန်းလွဲပိုင်းတွင်လည်းကောင်း (၃၈)မိုင် ယုဇနဆီအုန်းကုမ္ပဏီမှ အသက် ၉နှစ် မှ ၁၀နှစ်အရွယ် အမျိုးသမီးငယ်များအားယနေ့နံနက်ပိုင်းတွင်လည်းကောင်း HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာ စုစုပေါင်း (၇၂) ဦးအား ထိုးနှံဆောင်ရွက်ပေးပြီးကြောင်း သတင်းရရှိပါသည်။

နန့်လေးလေး (ခမောက်ကြီး ပြန်/ဆက်)